အချစ်တဲ့…
နှလုံးသားထဲ ဝင်ရောက်
တိတ်တဆိတ် ကြီးစိုး
မသိမသာ သူနေရာယူတတ်တယ်..
ရင်ခုန်သံတွေ ကာရန်မညီ
အသက်ရူသံတွေ ရပ်တန့် 
မာနတွေ ဒူးထောက်ကျသွားခဲ့တယ်..
သူ့ အပြုံးလေးတစ်ပွင့်
မျှော်လင့်ခြင်းလက်ဆောင်လို
ရူးမိုက်စွာ နမ်းရှိုက်
အတ္တတွေ မြေခခဲ့ရတယ်..
နောက်ဆုံးတော့…
လက်ပြနှုတ်ဆက်
သူစိမ်းတစ်ယောက်လို
သူ…….ထွက်ခွာသွားခဲ့ပြန်တယ်…..
Posted via Blogaway
No comments:
Post a Comment